လိပ်သို ဇူလိုင် ၂၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒူးရင်းပင်ပျိုးထောင်ထားသူများသည် ယခုနှစ်တွင် ပျိုးပင်ဈေးကောင်းရရှိ၍ ဝင်ငွေကောင်းကာ မိသားစုစားဝတ်နေရေး ဖူလုံလျက်ရှိကြောင်း သိရသည်။
ဒူးရင်းပင်ပျိုးထောင်ရာတွင် မိုးရာသီတွင် ရေမဝပ်စေရန်နှင့် နွေအခါတွင် ရေလုံလုံလောက်လောက်ရရှိရန် ဂရုစိုက်ပေးရကြောင်း၊ ရေဝပ်သောနေရာတွင် စိုက်ပျိုးပါက မြောင်းဖော်၍ဘောင်ပေါ်တွင် စိုက်ပျိုးခြင်း နွေအခါရေရရှိစေရေး ရေသွင်းပေးခြင်း ပြုလုပ်ပေးရကြောင်း ဒူးရင်းပျိုးထောင်သူ တောင်သူတစ်ဉီးထံမှ သိရသည်။
ပျိုးပင်တစ်နှစ်သား တစ်ပင်ကို(၃၀၀ဝိ/-)ကျပ် မှ (၅၀၀ဝိ/-)ကျပ်အထိ ရောင်းချရကြောင်း၊ အဆိုပါ ဒူးရင်းပျိုးပင်များကို ဥယျာဉ်ခြံမြေ၊ တောင်ယာစိုက်ခင်းနှင့် အအေးဓာတ်ရ သည့်နေရာတို့တွင် အများဆုံးစိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်