တိုက်ကြီး ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဥက္ကံမြို့၊ ကျွဲပုန်းလေးကျေးရွာ(ဗမာစု)နှင့် ပိန္နဲကုန်းကျေးရွာ ကျေးရွာချင်းဆက်လမ်း၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးသန်းစိုးနိုင်နှင့်တာဝန်ရှိသူများက စိုက်ပျိုးမည့်ပျိုးပင်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာပြည်သူများထံ ပေးအပ်သည်။
ထို့နောက် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးသန်းစိုးနိုင်နှင့် သစ်တောဝန်ထမ်းများ၊ မြို့အုပ်ချုပ်ရေးမှူးဦးသန့်ဇင်နှင့်ဝန်ထမ်းများ၊ ဥက္ကံနယ်မြေလုံခြုံရေးတာဝန်ခံ ဗိုလ်မှူးသက်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ ဥက္ကံနယ်မြေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ကျေးရွာပြည်သူများက ကျွဲပုန်းလေးကျေးရွာ(ဗမာစု)နှင့် ပိန္နဲကုန်းကျေးရွာသို့ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းဘေးဝဲ/ယာတစ်လျှောက်တွင် ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ စုစုပေါင်း အပင် ၃၄၅၀ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)