ထန်းတပင်မြို့နယ်၌ အနိမ့်ပိုင်းရပ်ကွက်များအတွင်း စစ်တောင်းမြစ်ရေဝင်ရောက်
Jul 26,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် သောက်ရေခပ် ဆည်ရေပိုလွှဲမှ ရေပို့လွှတ်မှုများကြောင့် စစ်တောင်း မြစ်ရေသည် တောင်ငူစခန်း တိုင်းတာချက်အရ ယမန်နေ့တွင် ၄၈၁ စင်တီမီတာရှိပြီးလက်ရှိအခြေအနေတွင် အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် အောင်ချမ်းသာရပ် ကွက်တွင် အိမ်ခြေ ( ၉ ) လုံး အိမ်ထောင်စု ( ၉ )စု ၊ ဆိပ် ကြီးရပ်ကွက်တွင် အိမ်ခြေ ( ၁၄ ) လုံး အိမ်ထောင်စု (၁၄) စုသို့ ရေများဝင်ရောက်လျက်ရှိပြီး အောင်ချမ်းသာရပ်ကွက်ရှိ ထန်းတပင်မြို့မရဲစခန်းဝန်းအတွင်း၌လည်း ရေများစတင်ဝင်ရောက်လျက်ရှိသည်။