မုံရွာ ဇူလိုင် ၂၈
၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇူလိုင် ၂၇ ရက်နေ့ နံနက် ၆ နာရီက တစ်ပြည်လုံးတွင် တစ်ပြိုင်တည်းထုတ်ပြန်ကြေညာခဲ့ရာ မုံရွာမြို့၊ မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းများ၌ ထုတ်ပြန်ကြေညာခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၄၂.၂၂ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ ၇၁၃ ဦး ရှိခဲ့ပြီး ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းအရ အောင်မြင်သူ ၃၀၀ ဦးရှိရာ အောင်ချက်ရာခိုင်နှုန်း ၄၂.၂၂ ရာခိုင်နှုန်း အောင်မြင်ခဲ့သည်။
မုံရွာမြို့၌ ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအရ လေးဘာသာဂုဏ်ထူးရှင် ၁၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၂ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၄၁ ဦး စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ ၈၅ ဦး ရှိကြောင်း နှင့် ဘာသာရပ်အလိုက် ဂုဏ်ထူးရကျောင်းသားကျောင်းသူ ၁၆၃ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)