မိုးကောင်း ဇူလိုင် ၂၈
၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူစာရင်းကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် စာစစ်ဌာနတို့၌ ဇူလိုင်(၂၇)ရက်နံနက်ပိုင်းတွင် ထုတ်ပြန်ထား ပြီဖြစ်ရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း မြို့နယ်ပညာရေးမှူးရုံးနှင့် အထက(၁)စာစစ်ဌာန၊ အထက-နမ္မတီးနှင့် အထက-ပင်းဘောတို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူစာရင်းကို ထုတ်ပြန်ထားကြောင်းသိရသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် စာရင်းရှိ(၉၅၆)ဦးမှ ဖြေဆိုသူ(၉၃၂)ဦးအနက် (၄၈၇)ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၅၂ ဒဿမ ၂၅ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အောင်စာရင်းထုတ်ပြန်ချက်တွင် (၆)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၃၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁၁၃)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၃၀၆)ဦးရှိပြီး မြန်မာစာ(၁၃)ဦး၊ အင်္ဂလိပ်စာ(၁၀)ဦး၊ သင်္ချာ(၂၈)ဦး၊ ဓာတုဗေဒ(၂၉)ဦး၊ ရူပဗေဒ(၃၈)ဦး၊ ဇီဝဗေဒ(၆၉)ဦး၊ ပထဝီ(၄)ဦး၊ သမိုင်း(၇)ဦး နှင့်ဘောဂဗေဒ(၁၀၆)ဦးတို့ ဂုဏ်ထူးအသီးသီးထွက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်