ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်

ဒဂုံတောင်  ဇန်နဝါရီ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက်  အဆောက်အဦ မှတ်တမ်း တင်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၁၆ ရက်နေ့မှ စတင်ဆောင်ရွက် လျက်ရှိကြောင်းသတင်းရရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် အဆောက်အဦစာရင်း မှတ်တမ်း တင်ခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ဦးစီးမှူး ဦးသန်းထိုက်၏ ဦးဆောင်စီစဉ်မှုဖြင့် အဖွဲ့(၇)ဖွဲ့ခွဲ၍ တစ်ဖွဲ့လျှင် ကောက်ကွက်တစ်ကွက်သတ်မှတ်ကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တစ်နေ့လျှင် အဖွဲ့(၄)ဖွဲ့ ကွင်းဆင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနှင့် (၂၁)ရပ်ကွက် CU008 အဆောက်အဦ မှတ်တမ်းတင်ခြင်းကို အဖွဲ့များပူး‌ပေါင်းကာ ကောက်ယူလျက်ရှိကြောင်းသိရသည်။

အဆောက်အဦမှတ်တမ်းတင်ခြင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ အဆောက်အအုံတွင် လူနေ၊ မနေ၊ ကျား၊ မ အရေအတွက်၊ အိမ်ထောင်ဦးစီးအမည်များ ကိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

သန်းသန်းအေး