ဥတ္တရသီရိ ဇန်နဝါရီ ၂၁
နေပြည်တော် ခုတင်(၁၀၀) သင်ကြားရေးတိုင်းရင်းဆေးရုံကြီးမှ အဖွဲ့ဝင်(၁၄)ဦးပါဝင်သော ကွင်းဆင်း ကုသရေးအဖွဲ့(၂)သည် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က လာရောက်ကြည့်ရှုအားပေးကာ လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းဆေးပညာဖြင့် ကျန်းမာစေကြောင်း နည်းလမ်းကောင်း(၄)ချက်အကြောင်းကို အဖွဲ့ခေါင်းဆောင် အကြီးတန်းတိုင်းရင်းဆေးမှူး ဦးစံလင်းက ဟောပြောခဲ့ပြီး၊ ဆေးကုသခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျား(၂၈)ဦး၊ မ(၄၂)ဦး စုစုပေါင်း(၇၀)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ခြင်းနှင့် ဆေးကုသမှုဆက်လက်ခံယူရန် လိုအပ်သည့် လူနာများကိုလည်း သက်ဆိုင်ရာဆေးရုံများသို့ ဆက်လက်ကုသနိုင်ရေးကို လမ်းညွှန်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)