သတင်းများ

ကွန်ဟိန်းမြို့၊ အခြေခံပညာမူလတန်းကျောင်း(၅၂၄)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်း သဘင်အခမ်းအနားကျင်းပ
Jan 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ အခြေခံပညာ မူလတန်း ကျောင်း(၅၂၄)တွင် ပညာရေးစုံညီပွဲတော် နှင့်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းတွင်ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပမ္မတီးအနောက်မြောက်ကွင်းအတွင်း လယ်သီးထပ် ဆောင်းသီးနှံပဲပုပ်နှင့် နေကြာစိုက်ခင်းအား ကွင်းဆင်းစစ်ဆေး၊ တောင်သူများ၏ စိုက်ပျိုးရေလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး
Jan 21,2024
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် လယ်မြေ၊ ဥယျာဉ်ခြံ များတွင် သီးထပ်သီးနှံများ တိုးမြှင့်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးနိုင်ရေးတို့အတွက် စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ ညနေ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့ ပမ္မတီးအနောက်မြောက်ကွင်းအတွင်း တောင်သူများနှင့် တွေ့ဆုံပြီး လယ်သီး ထပ်ဆောင်းသီးနှံစိုက်ခင်းများစိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပဲခူးမြို့၊ သပြေကုန်းဘိုးဘွားရိပ်သာ၌ ဇဗ္ဗူရတနာ ဓမ္မာရုံတော်ကြီး ရေစက်ချအလှူတော်မင်္ဂလာ  အခမ်းအနားကျင်းပပြုလုပ်
Jan 21,2024
ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ သပြေကုန်းဘိုးဘွားရိပ်သာ၌ ဇဗ္ဗူရတနာ ဓမ္မာရုံတော်ကြီး ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့တက်ရောက်ခဲ့သည်။        
ပုဗ္ဗသီရိမြို့နယ် အ-ထ-က(၃) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ
Jan 21,2024
ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အ-ထ-က(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။
ကျောက်ဆည်မြို့နယ် လေးဆယ်ကုန်းကျေးရွာတွင် စိုက်ပျိုးထားသော ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jan 21,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် ဆည်ရေသောက်စနစ်ဖြင့်  ဆန်၊စပါးကိုအဓိထားပြီး စိုက်ပျိုးကြသည့်အပြင် အခြားဝင်ငွေရ ကာလတို/ကာလရှည် သီးနှံများလည်း စိုက်ပျိုးရောင်းချ အသက်မွေးဝမ်းကြောင်းခြင်းများ ပြုလုပ်လျက်ရှိရာ  လေးဆယ်ကုန်းကျေးရွာ တောင်သူဦးပေါ်လွင် စိုက်ပျိုးထားသော ကြက်သွန်နီစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြင်းမူမြို့နယ်တွင် ဆောင်းမြေပဲဈေးကောင်းမွန်
Jan 21,2024
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း စိုက်ပျိုးထားရှိသည့် ဆောင်းမြေပဲများစတင်နှုတ်ယူ ခြွေလှေ့ရောင်းချလျက်ရှိရာ ဈေးနှုန်းကောင်းမွန်လျက်ရှိကြောင်း  ဒေသခံတောင်သူများ ထံက သိရသည်။
ခိုလမ်မြို့၊အ.မ.က(ခလရ-၆၆)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ
Jan 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ခိုလမ်မြို့တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အ.မ.က(ခလရ-၆၆) ကျောင်းတွင် ကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပဆောင်ရွက်သည်။