ခိုလမ်မြို့၊အ.မ.က(ခလရ-၆၆)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ခိုလမ်   ဇန်နဝါရီ  ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အ.မ.က(ခလရ-၆၆) ကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ကျောင်းသား/သူလေးများမှ “မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ခလရ-၆၆ ခြေလျင်တပ်ရင်းမှ  ဗိုလ်မှူးခိုင်ခန့်ဇော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/သူများ၊ အထိမ်းအမှတ်နေ့ အားကစား ပြိုင်ပွဲတွင်ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား/သူများမှ အကပဒေသာများဖြင့် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

နေလင်းထွန်း(ပြန်/ဆက်)