ကျောက်ဆည်မြို့နယ် လေးဆယ်ကုန်းကျေးရွာတွင် စိုက်ပျိုးထားသော ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဇန်နဝါရီ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် ဆည်ရေသောက်စနစ်ဖြင့်  ဆန်၊စပါးကိုအဓိထားပြီး စိုက်ပျိုးကြသည့်အပြင် အခြားဝင်ငွေရ ကာလတို/ကာလရှည် သီးနှံများလည်း စိုက်ပျိုးရောင်းချ အသက်မွေးဝမ်းကြောင်းခြင်းများ ပြုလုပ်လျက်ရှိရာ  လေးဆယ်ကုန်းကျေးရွာ တောင်သူဦးပေါ်လွင် စိုက်ပျိုးထားသော ကြက်သွန်နီစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကြက်သွန်နီစိုက်ပျိုးခြင်းများနှင့်ပတ်သတ်၍ ယခုနှစ်တွင်သွင်းအားစုနှင့်ကုန်ကျမှုစရိတ်ကြီးမားကြောင်း၊ ကြက်သွန်နီတစ်ဧကစိုက်ပျိုးပါက ပျိုးပင်လုံလုံလောက်ရှိရန်အတွက်မျိုးစေ့(၃)ပြည် ပျိုးထောင်ရကြောင်း၊ ပျိုးပင်သက်တမ်း (၃၀)ရက်မှ(၄၅)ရက်တွင် ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ ပျိုးပင်သက်တမ်း (၄၅)ရက်ကျော်လွန်ပါက ကြက်သွန်ဥကြီးထွားမှုမရှိကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့တန်ဘိုး၊ ပျိုးနုတ်ခြင်း၊ ပြောင်းရွှေ့စိုက်ပျိုးခြင်း၊ မြေပြင်ခြင်း၊ ရေသွင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်း၊ မှိုသတ်ဆေး၊ အပင်အားတိုးဆေး၊ မြေဩဇာနှင့် တူးဖော်ခြင်း စသည့် အထွေထွေကုန်ကျစရိတ်အဖြစ်  တစ်ဧက ငွေကျပ် ရာသီဥတုနှင့်ပိုးမွှားကျရောက်မှုအပေါ် မူတည်ပြီး (၂၅)သိန်းမှငွေကျပ်(၃၃)သိန်းအထိ ကုန်ကျစရိတ်ရှိကြောင်း သိရသည်။

ကြက်သွန်နီသီးနှံသည် စိုက်ပျိုးပြီး (၃)လအကြာတွင် တူးဖော်ရောင်းချနိုင်ကြောင်း၊ ရာသီဥတုကောင်းမွန်ပြီး အပင်အပြုအစုကောင်းပါက မြေအမျိုးအစားအပေါ်မူတည်၍ တစ်ဧက(၂၅၀၀) ပိဿာမှ(၃၀၀၀)ပိဿာအထိ ထွက်ရှိကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)