မြင်းမူမြို့နယ်တွင် ဆောင်းမြေပဲဈေးကောင်းမွန်

မြင်းမူ  ဇန်နဝါရီ ၂၁

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်း စိုက်ပျိုးထားရှိသည့် ဆောင်းမြေပဲများစတင်နှုတ်ယူ ခြွေလှေ့ရောင်းချလျက်ရှိရာ ဈေးနှုန်းကောင်းမွန်လျက်ရှိကြောင်း  ဒေသခံတောင်သူများ ထံက သိရသည်။

ဆောင်းမြေပဲစိုက်ပျိုးရာတွင် (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုးဆံ(၃)တင်းအပါအဝင် ထွန်ယက်ခ၊ လုပ်အားခ၊ ဆေးဖြန်းကုန်ကျ စရိတ်နှင့်နှုတ်ဆွတ်ခ  စုစုပေါင်းငွေကျပ် (၁၂) သိန်းခန့်ရှိကြောင်း၊ ထွက်ရှိမှုအနေဖြင့်ပုံမှန်မရှိဘဲ ရာသီဥတုကောင်းမွန်ပါက ပိုမိုထွက်ရှိ ကြောင်း၊ မိမိစိုက်ခင်းနှုတ်သိမ်းပြီးဖြစ်ရာ မြေပဲအတောင့် တင်း(၅၀)ထွက်ရှိရာကြိတ်ခွဲပြီး မြေပဲဆံ(၁၈)တင်းကျော်ရရှိမည် မှန်းထားကြောင်း၊ လက်ရှိဈေးအနေဖြင့် (၁)ပြီ(၁) ပိဿာလျှင်ငွေကျပ် (၆၅၀၀)ဈေးရှိ၍ ရောင်းချပါက (၁၈၇)သိန်းကျော်ရရှိမည် ဖြစ်ကြောင်း ၊ မြေပဲစိုက်တောင်သူ ဒေါ်စန်းထံက သိရသည်။

မြင်းမူမြို့နယ်အနေဖြင့် ယခုနှစ်တွင်ဆောင်းမြေပဲ(၃၀၁၀၀)ဧကလျာထားခဲ့ပြီး(၃၁၁၅၀) စိုက်ပျိုးခဲ့ရာ ဧက(၅၀)ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မျိုးအနေဖြင့် ဆင်းပဒေသာ (၇)နှင့် (၁၁)မျိုးကို စိုက်ပျိုးကြကြောင်းနှင့် ပျမ်းမျှ(၁)ဧက (၇၀ ဒဿမ ၅၀)တင်းထွက်ရှိကြောင်း၊ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

အောင်စိုးဖေ(မြင်းမူ)