ကွန်ဟိန်း ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ အခြေခံပညာ မူလတန်း ကျောင်း(၅၂၄)တွင် ပညာရေးစုံညီပွဲတော် နှင့်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းတွင်ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာမူလတန်းကျောင်း(၅၂၄)မှ ကျောင်းသား၊ ကျောင်းသူ လေးများက "စုံညီပွဲတော်တို့နွဲပျော်" သီချင်းဖြင့်သီဆို ဖွင့်လှစ်ခဲ့သည်။ထို့နောကျ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်နန်းဖြူဆိုင်က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
၎င်းနောက် အခြေခံပညာမူလတန်းကျောင်း (၅၂၄)မှကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာ ထွေးမှပညာရေးစုံညီပွဲတော် ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးသူများ ကိုယ်စားဒေါ်ဇင်ဖြိုးဝေ အား ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ကြောင်းသိရသည်။
ယင်းနောက် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ကာယ၊ ဉာဏဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများက တေးသီချင်း သရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)