ရေဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူလျက်ရှိသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

ရေဖြူ ဇန်နဝါရီ  ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ ထုတ်ယူလျက်ရှိသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း​များအား ယနေ့နံနက် ၉ နာရီက ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ရေဖြူမြို့နယ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်း (၄၈၅)ဦးရှိပြီး ပင်စင်လစာများကို ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်ထုတ်ပေးနေခြင်းဖြစ်သည်။ အဆိုပါ ပင်စင်လစာများ လာရောက်ထုတ်ယူလျက်ရှိသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သူနာပြုဆရာမများက ကျန်းမာရေး စောင့်ရှောက်များ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါများကို စစ်ဆေးကုသပေးခဲ့ခြင်း ဖြစ်သည်။

ရေဖြူမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း သွေးတိုး၊ ဆီးချိုသွေးချိုရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါများကို စစ်ဆေးကုသပေးလျက်ရှိရာ ပြည်သူများအနေဖြင့် အခမဲ့လာရောက်စမ်းသပ်ကုသနိုင်ကြောင်း သိရသည်။

ခတ္တာ