အမရပူရ ဇန်နဝါရီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ထန်းတောကျေးရွာအနီးရှိ ရတနာပုံတက္ကသိုလ်၊ အားကစားခန်းမတွင် ယနေ့နံနက်ပိုင်းက တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူ များဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၊ စီးပွားရေးဝန်ကြီးဦးသိန်းဌေးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် အားကစားအလံအားလွှင့်ထူပြီး အားကစားအဓိဌာန်ကိုရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် စီးပွားရေးဝန်ကြီးနှင့်အဖွဲ့မှ အားကစားသမားများကို ရင်းရင်းနှီးနှီး လက်လံနှုတ်ဆက်ခဲ့ပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူလေးများ ကတေးသီချင်းသရုပ်ဖော်များဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)