မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး

မြစ်သား    ဇန်နဝါရီ   ၂၂

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇန်နဝါရီလအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၅ နာရီခွဲအချိန်က ဘဏ်ဝန်ထမ်းများမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ   လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် စီစဥ်ဆောင်ရွက်ကာ စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားဝန်ထမ်းများကို နေ့စဥ်တုံကင်ထပ်စနစ်ဖြင့် သတ်မှတ်၍ လစဥ်ပုံမှန်ရုံးဖွင့်ရက် (၂၂)ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဘဏ်ဖွင့်ချိန်အတွင်း အငြိမ်းစားပင်စင်စားများအနေဖြင့် လာရောက်ထုတ်ယူလျက်ရှိကြောင်း၊ ပင်စင်လစာငွေများအား မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၄င်းတို့မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက် ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)