လပွတ္တာ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် လပွတ္တာမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင် လာရောက် ထုတ်ယူရာတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသုံးဆီများကို လှူဒါန်းပေးခြင်းတို့အား ယနေ့နံနက်ပိုင်းက လပွတ္တာမြို့ ၊ အမှတ်(၄)ရပ်ကွက်၊ ကုန်သည်လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းပင်စင်စားများ လပွတ္တာမြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ထုတ်ယူရာတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဟန်ဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရတို့က နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်ငွေထုတ်ယူမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ထမင်းကျွေးမွေးခြင်းနှင့် ဆန်နှင့်စားသုံးဆီလှူဒါန်းပေးနေမှုအခြေအနေတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူရာတွင် သွေးပေါင်ချိန်ခြင်း၊ ဆီးချို/သွေးချိုစစ်ဆေးခြင်း၊ ကိုဗစ်ကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးခြင်း၊ တိုင်းရင်းဆေးဝါးများဖြင့် ကုသပေးခြင်းတို့အား မြို့နယ်ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်တိုင်းရင်းဆေးကုသဌာနဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ပင်စင်လာရောက်ထုတ်ယူရာတွင် ထမင်းကျွေးမွေးခြင်း၊ တစ်ဦးလျှင် ဆန်တစ်ပြည်၊ဆီငါးဆယ်ကျပ်သား လှူဒါန်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)