အင်္ဂပူ ဇန်နဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့်မြို့နယ် ကုသရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု (အခမဲ့) ဆောင်ရွက်ပေးခြင်း၊ အာဟာရကျွေးမွေးခြင်း၊ ကြက်ဥနှင့် စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ယနေ့နံနက် (၇)နာရီမှစတင်ပြီး မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီနှင့်ဝန်ထမ်းများမှ မြို့ပေါ်ရပ် ကွက်များအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားနှင့် အသက် ၅၀ နှစ်အထက် နိုင်ငံ့ဝန်ထမ်း (၃၂၀) ဦးခန့်အား သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်စီဂျင် တိုင်းတာခြင်းများစစ်ဆေးခြင်း၊ အထွေထွေရောဂါလူနာများအား လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ် ၁၉-ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံခြင်းနှင့် နွားနို့နှင့် မုန့်များ ကျွေးမွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် ကြက်ဥနှင့်စားသုံးဆီများအား ဈေးနှုန်း ချိုသာစွာရောင်းချပေးခဲ့သည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး နေမှုနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ခင်မာချိုနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းပင်စင်များကို လတစ်၏ လစဉ် ၂၁ ရက်နေ့မှ စတင်ပြီး ထုတ်ပေးလျက်ရှ်ိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှသိရသည်။
မန်းကျော်(ပြန်/ဆက်)