Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကျိုင်းတုံမြို့နယ်အတွင်း ပဲပုပ်အထွက်နှုန်း မြင့်မားစေသည့် စိုက်ပျိုးနည်းစနစ် နည်းပညာပေးသင်တန်း ဖွင့်လှစ်
Feb 17,2024
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စပါးသီးနှံရိတ်သိမ်းအပြီး ပဲပုပ်သီးထပ်စိုက်ပျိုးခြင်းဖြင့် သီးနှံစိုက်စွမ်းအားမြှင့်တင်ခြင်း စီမံကိန်းအစီအစဉ်ဖြင့် ဆောင်ရွက်သည့် ပဲပုပ်အထွက်နှုန်းမြင့်မားစေသည့် စိုက်ပျိုးနည်းစနစ် နည်းပညာပေးသင်တန်းအား ယနေ့နံနက်ပိုင်းက ကျိုင်းတုံ စိုက်ပျိုးရေးသုတေသနခြံ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့နယ် ဓာတ်စွမ်ယောင်းစေတီတော်၌ (ဒဿမ)အကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း သိမ်းအောင်ပွဲ အခမ်းအနားကျင်းပ
Feb 17,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် ဓာတ်စွမ်ယောင်းစေတီတော်၌ (ဒဿမ)အကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက အဆိုပါစေတီတော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူ မိသားစုများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
Feb 17,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ရောက်ရှိနေထိုင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာသူ မိသားစုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်၍ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား အာဟာရဖြည့်အစားအစာများ ကျွေးမွေးလှူဒါန်း
Feb 17,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားခြင်းနှင့် အာဟာရကျွေးမွေးခြင်းကို ယနေ့နေ့လယ် ၁၂ နာရီက အခြေခံပညာအ.ထ.ကကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကျင်းပ
Feb 17,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာအသိ ပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသ
Feb 17,2024
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်း သိကောင်းစရာများကို ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက် ယမန်နေ့က နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ဆောင် ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြသလွန်စေတီတော်ကြီး သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Feb 17,2024
မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်များတွင် မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်က မကွေးမြသလွန်စေတီတော်ကြီး၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက သွားရောက်၍ ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့် အကောင်းဆုံးဘဝဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Feb 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့်အကောင်းဆုံးဘဝဘဝကိုတည်ဆောက်ခြင်း” စာအုပ်ပါ အကြောင်းအရာများ စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက Book Club အဖွဲ့ဝင်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6482
Page
6483
Page
6484
Page
6485
Current page
6486
Page
6487
Page
6488
Page
6489
Page
6490
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department