ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားခြင်းနှင့် အာဟာရကျွေးမွေးခြင်းကို ယနေ့နေ့လယ် ၁၂ နာရီက အခြေခံပညာအ.ထ.ကကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အာဟာရဖြည့်အစား အစာကျွေးမွေးခြင်းကို တက္ကသိုလ်ဝင်တန်းစာမေးပွဲ သွားရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ/ဆရာမများ ကျန်းမာပြီး အာဟာရပြည့်ဝကာ စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ရန်ရည်ရွယ်လျက် ဆွမ်ပရာဘွမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား အားပေးစကား ပြောကြားပြီး အာဟာရဖြည့်အစားအစာ ခေါက်ဆွဲကျော်များကို ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ.ထ.က ပူတာအိုစာစစ်ဌာနသို့ တက္ကသိုလ်ဝင်စာမေးပွဲသွားရောက် ဖြေဆိုမည့် ကျောင်း သား၊ ကျောင်းသူ အတွင်းဖြေ (၁၄)ဦး၊ အပြင်ဖြေ (၃)ဦး၊ စုစုပေါင်း(၁၇)ဦးရှိပြီး အဆိုပါကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များမှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းပါဝင်ပြီး အ.ထ.ကကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်၍ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ၂၀၂၃ခုနှစ်၊ အောက် တိုဘာလမှစတင်၍ စခန်းသွင်းလေ့ကျင့်မှုများ နေ့ညမပျက်ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/ကျောင်းသူများ အာဟာရပြည့်ဝစေရေး၊ လေ့ကျင့်မှုမပျက်ရှိစေရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆွမ်ပရာဘွမ်(ပြန်/ဆက်)