သတင်းများ

ပျဉ်းမနားမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 17,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လဲလူးအိုင်အုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 17,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ အသိပေးထုတ်ပြန်ချက်များနှင့်ပတ်သက်၍ ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မင်းပူး ဦးဩဘာသ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကျင်းပပြုလုပ်
Feb 17,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ယနေ့နံနက်(၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Feb 17,2024
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မောက်မယ်မြို့နယ်၌ ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး(Pfizer)ပဉ္စမအကြိမ်ထိုးနှံပေး
Feb 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အရ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး(Pfizer)ပဉ္စမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မောက်မယ်မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ပြည်သူ့စစ်ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Feb 17,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပြည်သူ့စစ်ဥပဒေဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ အထူးကုဆရာဝန်ကြီးများက သနပ်ပင်မြို့နယ် ပြည်သူများအား ကွင်းဆင်း‌ဆေးကုသစောင့်ရှောက်မှုပေး
Feb 17,2024
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ ပဲခူးမြို့၊ တိုင်းဒေသကြီး ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးဆေးကုသရေးအဖွဲ့သည့် သနပ်ပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ ကုတင်(၂၅)ကုတင်ဆံ့ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ရာ ပဲခူးတိုင်း ဒုတိယကုသရေးဦးစီးဌာနမှူး၊ မြိူ့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့် အဖွဲ့ဝင်များ၊ သနပ်ပင်မြို့နယ် ပြည်သူ့ဆေးရုံကုသရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခွန်စောထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကာ ဆေးလာ‌ရောက်ကုသပေးသည့် လူနာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။
ဓနုဖြူမြို့နယ်၌ သံဃနာယကနှင့် ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကို အမှတ်(၃)ရပ်ကွက်၊ ခင်မကန်ကျောင်းတိုက်၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။