သတင်းများ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ အောင်ကြီးနှင့် တာဝန်ရှိသူများ တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာအနီး၊ ဝက်မွေးမြူရေးခြံ လာရောက်ကြည့်ရှု
Feb 18,2024
​ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာ အနီး၊ ဝက်မွေးမြူရေးခြံသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့်တာဝန်ရှိသူများ ယမန်နေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဝက်မွေးမြူရေးခြံ ရှင်းလင်းဆောင်တွင် မွေးမြူရေးခြံပိုင်ရှင်နှင့်တွေ့ဆုံ၍ ဦးအောင်မိုးထွန်းက ဝက်မွေးမြူရေးခြံ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မြေပြင်အခြေအနေနှင့်စာရင်းဇယားများ တိကျစွာ လုပ်ဆောင်ရန်၊
စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေသီးနှံ စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး
Feb 18,2024
နိုင်ငံတော်မှ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၁)နာရီက မန္တလေးတိုင်းဒေသကြီး  စိုက်ပျိုးရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးတိုးမင်း၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဦးချစ်ဆွေဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသန်းဇော်နှင့်အတူ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စဉ်ကိုင်မြို့နယ် ဆောက်အင်းမြစ်ရေတင်ဒေသရှိ နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ကမာဝက်မြို့ ခြင်္သေ့ကျောင်းတိုက် ဆရာတော်အား ဘွဲ့တံ ဆိပ်တော်ဆက်ကပ်ခြင်းနှင့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်
Feb 18,2024
မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ခြင်္သေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စန္ဒကုမာရ သက်တော် (၆၆)နှစ်၊ သိက္ခာတော် (၄၇)ဝါ၏ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံ ဆိပ်တော် ဆက်ကပ်ပူဇော်ခြင်းနှင့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
လှိုင်းဘွဲမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင်လက်မှတ်နှင့်စာအောင်ဆုချီးမြှင့်သည့် စူဠဆုနှင်းသဘင် အခမ်းအနားကျင်းပ
Feb 18,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မှုကြသည့် စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်ချီးမြှင့်သည့် စူဠဆုနှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့မပရိယတ္တိ စာသင်တိုက်၌ကျင်းပခဲ့သည်။
ငဖဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာများအသိပညာပေးဟောပြော
Feb 17,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ပြည်သူအများ ပြည်သူ့စစ်မှုထမ်းဉပဒေအကြောင်းအရာများကို ပြည့်ပြည့်စုံစုံသိရှိစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာများအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Feb 17,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ဆင်​ပေါင်ဝဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Feb 17,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲကျင်းပ
Feb 17,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ခန်းမ၌ ဆောင်ရွက်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများ တက်ရောက်ခဲ့ကြသည်။