ကလေး ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ “လူငယ်နှင့်အကောင်းဆုံးဘဝဘဝကိုတည်ဆောက်ခြင်း” စာအုပ်ပါ အကြောင်းအရာများ စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက Book Club အဖွဲ့ဝင်များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် Book Club အဖွဲ့ဝင် စာပေဝါသနာရှင် ဒေါ်သီရိမှ ဒေါက်တာခင်မောင်ညို ရေးသားသော “လူငယ်နှင့်အကောင်းဆုံးဘဝဘဝကိုတည်ဆောက်ခြင်း” စာအုပ်ပါ အကြောင်းအရာများဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက သက်ဆိုင်ရာ ခေါင်းစဉ်ကဏ္ဍများအလိုက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေး စာဖတ်ဝိုင်းများအပြင် ဌာဆိုင်ရာမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ(Talk Show)များကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)