ပခုက္ကူ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပြည်သူ့စစ်ဥပဒေဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးမျိုးဝင်းလှိုင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ခရိုင်ဥပဒေအရာရှိ ဦးမျိုးမြင့်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ဆက်စပ်ဥပဒေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ပြည်သူ့စစ်ဥပဒေနှင့်ပတ်သက်၍ဆက်လက်ပြင်ဆင် ဆောင်ရွက်ထားရမည့်အချက်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းအောင်က ပြည်သူ့စစ်မှုထမ်းကာလအကြောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်သူဇာအောင်တို့က ပြည်သူ့စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ရရှိသူများ အကြောင်းတို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးကြသည်။
ပခုက္ကူသား