ပျဉ်းမနား ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လဲလူးအိုင်အုပ်စုအတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးလောင်မှု၊ မီးလှန့်မှုများ မဖြစ်ပွားစေရန်အတွက် သွယ်တန်းထားသော ဝါယာကြိုးများ ခိုင်ခန့်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဗူးများ၊ မီးလှန့်အချက်ပေးကိရိယာများ လုံလောက်စွာတပ်ဆင်ထားခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ ရေကန်များတွင် ရေလုံလောက်စွာထားရှိမှု ရှိမရှိ စစ်ဆေးခြင်းနှင့် လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်နှင့် မီးသတ်ဆေးဗူး အသုံးပြုနည်းနှင့် စနစ်တကျ ကိုင်တွယ်အသုံးပြုနည်းများကို ရှင်းလင်းပြောကြားပြီး၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)