သနပ်ပင် ဖေဖော်ဝါရီ ၁၇
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ ပဲခူးမြို့၊ တိုင်းဒေသကြီး ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးဆေးကုသရေးအဖွဲ့သည့် သနပ်ပင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား မြို့နယ်ပြည်သူ့ဆေးရုံ ကုတင်(၂၅)ကုတင်ဆံ့ပြည်သူ့ဆေးရုံ၌ ယနေ့နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ရာ ပဲခူးတိုင်း ဒုတိယကုသရေးဦးစီးဌာနမှူး၊ မြိူ့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့် အဖွဲ့ဝင်များ၊ သနပ်ပင်မြို့နယ် ပြည်သူ့ဆေးရုံကုသရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခွန်စောထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကာ ဆေးလာရောက်ကုသပေးသည့် လူနာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့သည်။
အဆိုပါ အထူးကုဆေးကုသရေးအဖွဲ့တွင် ဖျားနာ၊ ခွဲစိတ်၊ ကလေး၊ သားဖွားမီးယပ်၊ အရိုး၊ မျက်စိ၊ နား၊ နှာခေါင်းလည်ချောင်း၊ အကြောအဆစ်၊ ကင်ဆာ၊ ခွဲခန်း၊ အရေးပြား၊ စိတ်ကျန်းမာ၊ သွားရောဂါ၊ ဓါတ်ခွဲဓါတ်မှန်၊ အစရှိသည့် အထူးကုဆရာဝန်ကြီးများ ပါဝင်ကြပြီး ဆေးကုသပေးရာတွင် လူနာစုစုပေါင်း(၆၆၆) ဦးအား ကြည့်ရှုကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)