မောက်မယ် ဖေဖေါ်ဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အရ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး(Pfizer)ပဉ္စမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မောက်မယ်မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး(Pfizer)ထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမြမြသန်းက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက မောက်မယ်မြို့နယ်အတွင်းရှိ ဌာဆိုင်ရာဝန်ထမ်းများအား ကိုဗစ်−၁၉ရောဂါကာကွယ် ဆေး(Pfizer)ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါကာကွယ်ဆေးအမျိုးအစားများအလိုက် စတုတ္ထအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ယခုအကြိမ်တွင် ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး(Pfizer)ပဉ္စမအကြိမ်မြောက် ထိုးနှံပေး ခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)