ဓနုဖြူ ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကို အမှတ်(၃)ရပ်ကွက်၊ ခင်မကန်ကျောင်းတိုက်၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အခမ်းအနားကို နမောဓသ(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိဇယနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဦးရေဝတတို့မှ သြေဝါဒစကားချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်စိုးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားခဲ့သည်။ အဆိုပါသင်တန်းသို့ ဓနုဖြူမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များ အပါး(၇၀)တက်ရောက်ခဲ့ပြီး သင်တန်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းအတွက်လိုအပ်သည့် လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်များမှ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)