သုံးခွ ဖေဖော်ဝါရီ ၁၄
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၄-ခုနှစ်၊ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (အလွတ်တန်း) အမျိုးသား ဂိုးလတ်ဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ဘုရင့်နောင်အားကစားကွင်း၌ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအမျိုးသား (အလွတ်တန်း) ဂိုးလတ်ဘောလုံးပြိုင်ပွဲကို ရပ်ကွက်/ ကျေးရွာအုပ်စုမှ အသင်း (၂၅) သင်းဖြင့် (၂၇.၁.၂၀၂၄) ရက်နေ့မှစ၍ သုံးခွမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဘုရင့်နောင်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြပြီး ယမန်နေ့က နန်းခလဲကျေးရွာအသင်းနှင့် အမှတ် (၉) ရပ်ကွက်အသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့သော ပြိုင်ပွဲဝင်အားကစားသမားများနှင့် တစ်ဦဲးချင်းအကောင်းဆုံးဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် အဖွဲ့ဝင်များက ငွေသားဆုနှင့် ဆွဲပြားများအား အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားသို့ သုံးခွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အားကစားမှူးဦးခုပ်စွမ်းခိုင်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ၊ အားကစားပြိုင်ပွဲဝင်များ တက်ရောက်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)