ခန္တီး ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြို ဆိုသောအနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားအား ယမန်နေ့က မြို့နယ်ပြည်သူ့ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအမျိုးသား (အလွတ်တန်း) ဖူဆယ်ပြိုင်ပွဲကို ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ အသင်း(၂၂)သင်း ပါဝင်ယှဉ်ပြိုင်ကြရာ အုပ်စု(၄)အုပ်စုခွဲ၍ အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဗိုလ်လုပွဲအဖြစ် Unique အသင်းနှင့် New Century အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပင်နယ်တီအဆုံးအဖြစ်ဖြင့် Unique အသင်းမှ အနိုင်ရရှိခဲ့သည်။
ထို့နောက်ဆုပေးပွဲအခမ်းအနားပြုလုပ်ရာ ပထမ၊ ဒုတိယ၊ တတိယရရှိသည့် အသင်းများအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသည့်ဌာနဆိုင်ရာများ က ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)