ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (၉၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဒဂုံဆိပ်ကမ်း ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် (၇၇) နှစ်မြောက် အထိမ်းအမှတ် (၉၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ (၃) နာရီက အမှတ် (၉၃) ရပ်ကွက်၊ ဗေဒါလမ်းနှင့် စိမ်းလဲ့ကန်သာလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးရှေ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အုပ်ချုပ်ရေးမှူးဖလားဘောလုံးပြိုင်ပွဲကို ရပ်ကွက်အတွင်းရှိ ဘောလုံးဝါသနာရှင်များ အသင်း (၁၀) သင်းတို့မှ ပွဲစဉ် (၂) ပွဲဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲကို ယခင်ကျားချောင်း လူငယ်အသင်းနှင့် ကူးတို့ဆိပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ယခင်ကျားကျောင်းအသင်းမှ ကူးတို့ဆိပ်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုကိုလည်းကောင်း၊ ကူးတို့ဆိပ်-FC လူငယ်အသင်းမှ ဒုတိယဆုကိုလည်းကောင်း P.G Star အသင်းမှ တတိယဆုကိုလည်းကောင်း ရရှိခဲ့ပြီး ဆုပေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များက အသီးသီးဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ