သာစည် ဖေဖော်ဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ပိုမိုမြင့်မားရေးအတွက်လည်း နေ့စဉ်လေ့ကျင့်ပေးလျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူးဦးထွန်းထွန်းဝင်းထံက သိရသည်။
မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို တစ်အိမ်တက်ဆင်း နေ့စဉ်ကွင်းဆင်းလိုက်လံစစ်ဆေးလျက်ရှိပြီး အသိပညာပေးခြင်း၊ မီးသတ်ဦးစီးဌာန၏ ဖုန်းနံပါတ်များကို အများပြည်သူ အလွယ်တကူမြင်သာနိုင်သည့် နေရာများတွင် ကြေညာထားရှိခြင်း၊ မီးသတိပြုရန်အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးသတ်စွမ်းရည်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စွမ်းရည်ပြည့်ဝ တိုးတက်လာစေရန်၊ ခေတ်မီကိရိယာများဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုကျွမ်းကျင်မှုရှိလာစေရန် အမြဲမပြတ်လေ့ကျင့်ပေးလျက်ရှိသည်။
သာစည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၈၇ အုပ်စု ရှိပြီး ဒေသတွင်း မီးဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း၊ လှိုင်းတက်နယ်မြေ မီးသတ်စခန်းနှင့် ယင်းမာပင်နယ်မြေမီးသတ်စခန်းတို့က နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)