လပွတ္တာ​မြို့နယ်တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အသိပညာပေး​​ဟောပြောပွဲကျင်းပ

 လပွတ္တာ ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ (၃)မိုင်မြို့သစ်၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အသိပညာပေး​​ဟောပြောပွဲကို ယမန်နေ့ နေလယ်ပိုင်းက လူငယ်အားမာန် သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လပွတ္တာခုတင် ၂၀၀ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာအောင်က ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး လပွတ္တာခရိုင် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်စီက ပညာတတ်၊ ပညာရှိ၊ အ​ကြောင်းအရာများ ဆွေးနွေးဟောပြောခဲ့သည်။  ထို့နောက် ခရိုင်အဆင့် ဌာနဆိုင်ရာများက အလှူငွေများ ပေးအပ်ရာ လူငယ်အားမာန်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ လပွတ္တာခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ လူငယ်အားမာန်သင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)