ပန်းတနော် ဖေဖော်ဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီက ရန်ကုန်- ပုသိမ် ကားလမ်းမကြီးဘေး (Max Energy) စက်သုံးဆီ အရောင်ဆိုင်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်ဦးက မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ စနစ်တကျ ကြိုတင်ဆောင်ရွက်ရမည့် နည်းလမ်းများအား အသိပညာပေး ဟောပြောခဲ့ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် မီးသတ်ဆေးဘူးကို အသုံးပြုကာ မီးငြှိမ်းသတ်ခြင်း၊ မီးငြှိမ်းသတ်နည်းစနစ်များကို စနစ်တကျသင်ကြား၍ ဆီမီးလောင်မှုအား လက်တွေ့ မီးငြှိမ်းသတ်ခြင်း လုပ်ငန်းများကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် (Max Energy) စက်သုံးဆီ အရောင်ဆိုင် ဝန်ထမ်းများ ပူးပေါင်း၍ ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)