မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီး၌  Pfizer  ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေး

မြဝတီ ဖေဖော်ဝါရီ  ၁၄

ကရင်ပြည်နယ်၊  မြဝတီမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ် ဆေးများ  အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကိုဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီး၌  Pfizer ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  ဝန်ထမ်းများအား  မြဝတီခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ခရိုင်ဆေးရုံအုပ်ကြီး  ဒေါက်တာခင်ဝင်း   ဦးဆောင်၍      မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးဖြူနှင့် ကျန်းမာရေးဝန်ထမ်းများက  ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်စည်းကမ်းချက်များအတိုင်း တစ်ဦးချင်း စစ်ဆေးပေးပြီး  Pfizer  ကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးသည်။

ယင်းကာကွယ်ဆေးထပ်ဆောင်းထိုးနှံပေးခြင်းအားဖြင့် ကိုဗစ်-၁၉ရောဂါသည်အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဖြစ်ပွားတတ်သည့်ရောဂါဖြစ်၍  ပြင်းထန်မှုနှင့်   သေဆုံးမှုကို လျှော့ချနိုင်မည်ဖြစ်ကာ  ကာကွယ် ဆေးထိုးနှံရာတွင်အသက် ၁၈ နှစ်နှင့်အထက်ရှိသူများ၊အသက် ၅၀ နှစ်အထက်လူကြီးများ၊ နာတာရှည်ရောဂါ ရှိသူများနှင့်အသက် ၁၈ နှစ်အထက် ကိုယ်ဝန်ဆောင်မိခင်များအား ထိုးနှံပေးခြင်းဖြစ်ပြီးအလားတူကျန်ရှိသည့်  မြို့ပေါ်ရပ်ကွက်များနှင့်  ကျေးရွာပြည်သူများကိုလည်း Pfizer ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)