မြောက်ဥက္ကလာပမြို့နယ်တွင် ကလေးများနေ့အထိမ်းအမှတ် မူကြိုကလေးများ ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

မြောက်ဥက္ကလာပ ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှကြီးမှူးကျင်းပသော ကလေးများနေ့အထိမ်းအမှတ် မူကြိုကလေးများ ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီခွဲက ()ရပ်ကွက်၊ စကားဝါလမ်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)ပိုင်  မူကြိုကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက ကမ္ဘာ့ကလေးများနေ့နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မူကြိုကလေးငယ်များမှ တေးသီချင်းများဖြင့် သရုပ်ပြသကပြဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ ကာယ၊ ဥာဏ စွမ်းရည်ပြိုင်ပွဲများဖြစ်သည် အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရှိသည့် မူကြိုကလေးငယ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်လောဟာ၊ မုန့်စားပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် မူကြိုကလေးငယ်များအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လှာ်(န်)ဂိပ်ဆုန်၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ စာလုံးဆက်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တာဝန်ရှိသူများက အသီးသီးဆုများချီးမြှင့်ခဲ့ပြီး မူကြိုကလေးများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာ၊ ()ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့်၊ မြို့နယ် YMBA အသင်းဥက္ကဋ္ဌဦးမြင့်လွင်တို့မှ အလှူငွေများလှူဒါန်းရာ ()ရပ်ကွက် မိခင်နှင့်ကလေး မူကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးထွေးက လက်ခံရယူခဲ့ကြောင်း သိရသည်။

ထိုနောက် မူကြိုကလေးငယ်များအားလုံးအတွက် လက်ဆောင်ပစ္စည်းများ၊ အာဟာရမုန့်များကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ()ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ မူကြိုကလေးငယ်များနှင့် မိဘများ၊ ဖိတ်ကြားထားသူများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)