အစိုးရနည်းပညာကောလိပ်(မန္တလေး)တွင် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ"လူငယ်စကားဝိုင်းအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၁၄

ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၈ လမ်း၊ ၆၉×၇၀ လမ်းကြားရှိ အစိုးရနည်းပညာကောလိပ်(မန္တလေး)တွင်  “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ"လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက်  ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ထွန်းထွန်းဦး၊ မန္တလေးရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဦးအောင်ထူးမြင့်တို့နှင့် တာဝန်ရှိသူများ၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဌေးသွင်၊ ကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၁၅၀ ဦး ခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဒေါက်တာထွန်းထွန်းဦးမှ အဖွင့်အမှာစကား ပြောကြားပြီး  ကျောင်းသား၊ ကျောင်းသူများမှ Moderator အဖြစ်  မောင်ဝေဘုန်းမိုး ပါဝင်ဆွေးနွေးသူများအဖြစ် မနှင်းသီရိဖြိုး၊ မအေးဇင်မွန်၊ မလွင်ပြည့်စုံထွန်း၊ မောင်ထင်ရှားနိုင်နှင့် မောင်ရဲမြင့်မြတ် တို့မှ “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ" ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေး၍ တက်ရောက်လာကြသူများ၏ မေးမြန်း ဆွေးနွေးမှုအား ပြန်လည်ရှင်လင်း ဖြေကြားခဲ့ကြောင်း၊ ထို့နောက်ဒေါက်တာထွန်းကျော်မြင့်မှ ကျေးဇူးတင်စကားပြောကြားပြီး ဒေါက်တာထွန်းထွန်းဦးမှ ဒေါက်တာ ဌေးသွင်၊ ဒေါက်တာ ထွန်းကျော်မြင့်နှင့် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကော်မရှင် အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများပေးအပ်၍ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထွန်းထွန်းနိုင်