သတင်းများ

ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမတွင်  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Feb 23,2024
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက်  ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မွန်းလွဲ ၁၅ နာရီက ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့နယ်၌ Grade-5 နှင့် Grade-9 အတန်းဆုံးစာမေးပွဲကို ဒုတိယနေ့အဖြစ်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိ
Feb 23,2024
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5၊ Grade-9 အတန်းဆုံးစာမေးပွဲကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများ အလိုက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိသည်။
ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၈) ပါရမီဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Feb 23,2024
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက်  ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ယနေ့မွန်းလွဲ ၁၄ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၈) ရှိ ပါရမီဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပသည်။
မြစ်ကြီးနားမြို့ (Community Centre) ၌ အဆင့်မြင့် စက်ချုပ်သင်တန်း (အခမဲ့) ဖွင့်လှစ်ပေးသွားမည်
Feb 23,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ အဆင့်မြင့် စက်ချုပ်သင်တန်း (အခမဲ့)ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မအူပင်မြို့တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ ဒုတိယနေ့စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-5) နှင့် (Grade-9) ဒုတိယနေ့စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ယနေ့နံနက် (၉)နာရီအချိန်က ဆက်လက်ဖြေဆိုသည်။
ဆွမ်ပရာဘွမ်မြို့နယ် စာစစ်ဌာနများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို
Feb 23,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ ချိန်တွင် Grade-5 နှင့် Grade-9 အင်္ဂစာဘာသာရပ်များ ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်အတွင်းရှိ ရုံးဌာနများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြသ
Feb 23,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ရုံးဌာနများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြသမှုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ နွေစပါးအထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး စိုက်နည်းစနစ် ပြောင်းလဲပြုပြင်မှုများအား ကွင်းဆင်းကြည့်ရှု
Feb 23,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ နွေစပါးအတွက်နှုန်း တိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ ရေသွင်းပျိုးထောင်ထားရှိသည့် နွေစပါးမျိုးများ စိုက်ပျိုးထားရှိမှုများကို ယနေ့နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန၏ စံပြစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။