သတင်းများ

ချောက်မြို့နယ် မော်တော်ယာဥ်လိုင်းပေါင်းစုံ စခန်းတွင် မီးဘေးလုံခြုံ​ရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြသ
Feb 24,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မီးဘေးလုံခြုံ​ရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်မော်တော်ယာဥ် လိုင်းပေါင်းစုံစခန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ပြည်မြို့တစ်မြို့တွင်သာ ထူးခြားစွာ နှစ်စဥ်ကျင်းပမြဲ ဖြစ်သော (၁၀၀) ကြိမ်မြောက် ဉာဏ်ရိုးမီးပူဇော်ပွဲကို ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကျင်းပ
Feb 24,2024
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ယနေ့ နံနက် ၄ နာရီအချိန်က (၁၀၀) ကြိမ်မြောက် ရိုးရာဉာဏ်ရိုးမီး ပူဇော်ပွဲကို ရွှေဆံတော်စေတီတော်မြတ်ကြီး တောင်ဘက်စောင်းတန်းအနီးရှိ လေးထောင့်ကန်၌ ကျင်းပပြုလုပ်သည်။
သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် (၂၁) ကြိမ်မြောက် ထမနဲထိုး လှူဒါန်းပွဲ ကျင်းပ
Feb 24,2024
မွန်ပြည်နယ် မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် (၂၁) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုး လှူဒါန်းပွဲကို ယမန်နေ့က စေတီပရိဝုဏ်အတွင်းရှိ ဓမ္မာရုံ၌ ကျင်းပသည်။
ပွင့်ဖြူမြို့နယ်၌ မိုးကြိုနှမ်းစိုက်ပျိုးတောင်သူများ စိုက်ပျိုးရေ ရရှိရေးအတွက် ကွင်းဆင်းဆောင်ရွက်
Feb 24,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးကြိုနှမ်း စိုက်ပျိုးတောင်သူများအတွက် မဲဇလီရေလွှဲဆည်ရေမှ စိုက်ပျိုးရေ ရယူသုံးစွဲနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေရရှိရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ်၌ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် (Grade-5)နှင့်(Grade-9) နှစ်ဆုံးစာမေးပွဲများ ကျင်းပ
Feb 24,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းအဆင့်ပြီးမြောက်မှုစစ်ဆေးခြင်း(Grade-5)နှင့်အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက် မှုစစ်ဆေးခြင်း(Grade-9) စာမေးပွဲများကို (၂၂-၂-၂၀၂၄) ရက်နေ့၊ နံနက် ၉ နာရီကစ၍ သက်ဆိုင်ရာကျောင်းများတွင် မြန်မာစာဘာသာရပ်ကို အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိသည်။
မိုင်းဆတ်မြို့၌ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ
Feb 24,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်နှင့် သတင်းအမှန်များ သိရှိကြစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ လူစည်ကားရာနေရာများတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၁၉ ကြိမ်မြောက် မိသားစု ထမနဲထိုးပြိုင်ပွဲ ကျင်းပ
Feb 24,2024
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ (၁၉) ကြိမ်မြောက် မိသားစု ထမနဲထိုးပြိုင်ပွဲကို ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၆×၂၇ လမ်းကြား၊ ၇၁ လမ်းရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရုံးဝင်းအတွင်း ယမန်နေ့ ညနေ (၄) နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade -5/ 9)အတန်း နှစ်ဆုံးခရိုင်စစ်/ တိုင်းစစ်စာမေးပွဲ စတင်ဖြေဆို
Feb 24,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(Grade -5)နှင့်(Grade -9)အတန်း ကျောင်းသား/ သူများ၏ နှစ်ဆုံး ခရိုင်စစ်/ တိုင်းစစ်စာမေးပွဲကြီးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နံနက် ၉ နာရီတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။