ဆွမ်ပရာဘွမ်မြို့နယ် စာစစ်ဌာနများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ ချိန်တွင် Grade-5 နှင့် Grade-9 အင်္ဂစာဘာသာရပ်များ ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ် အနေဖြင့် စာစစ်ဌာန(၁၆)ခုရှိပြီး Grade-5 စာစစ်ဌာန(၁၃)ခုနှင့် Grade-9 စာစစ်ဌာန(၃)ခုများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိရာ Grade-5 စာမေးပွဲသည်ခရိုင် စစ်ဖြစ်ပြီးဖြေဆို ကျောင်းသား/ကျောင်းသူ(၅၁)ဦးရှိပြီး ဖေဖော်ဝါရီ(၂၂)ရက်နေ့မှ (၂၇)ရက်နေ့အထိ တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့်လည်းကောင်း၊ Grade-9 စာမေးပွဲသည် ပြည်နယ်စစ်ဖြစ်ပြီး ဖြေဆိုကျောင်းသား/ကျောင်းသူ(၃၇)ဦးရှိပြီး ဖေဖော်ဝါရီ(၂၂)ရက်နေ့မှ  ဖေဖော်ဝါရီ(၂၈)ရက်နေ့အထိ တစ်ရက်တစ်ဘာသာနှုန်း ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဆွမ်ပရာဘွမ်(ပြန်/ဆက်)