မအူပင် ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၂၀၂၃ - ၂၀၂၄) ပညာသင်နှစ် (Grade-5) နှင့် (Grade-9) ဒုတိယနေ့စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ယနေ့နံနက် (၉)နာရီအချိန်က ဆက်လက်ဖြေဆိုသည်။
အဆိုပါ အင်္ဂလိပ်စာဘာသာရပ် ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၏ ကြီးကြပ်မှုဖြင့် မအူပင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နီနီဦး၊ ခရိုင်ပညာရေးမှူး ဒေါက်တာ သန္တာဆွေ၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နွယ်နီနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသီဟကိုကို ပါဝင်သောအဖွဲ့မှ ကျောင်းသား/ကျောင်းသူများ ရေးဖြေ၊ နှုတ်ဖြေ ဖြေဆိုနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
မအူပင်မြို့နယ်အတွင်း (Grade-5) စာစစ်ဌာန (၁၁၂)ခု ဖြေဆိုသူပေါင်း (၄၇၈၇)ဦးနှင့် (Grade-9) စာစစ်ဌာန (၅၉)ခု၊ ဖြေဆိုသူပေါင်း (၂၁၄၁)ဦးရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်း (၉၂.၃၈) ရာခိုင်နှုန်း ဖြေဆို လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)