မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်၍ အဆင့်မြင့် စက်ချုပ်သင်တန်း (အခမဲ့)ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ရင်စေ့ ရင်ဖုံး၊ ဘေးဇစ်၊ နောက်ဇစ်၊ လေးလွှာစကပ်၊ ချိတ်ထမီ၊ လူကြီးဝတ် သင်္ဘော သားအင်္ကျီ၊ လူကြီးဝတ် သားရေကြိုးတပ် ဘောင်းဘီအရှည်၊ ဟာဝေယံရှပ်အင်္ကျီ၊ မိန်းမဝတ် စတစ်ကော်လံ၊ ဂျပန်လည်ထောင်၊ ဖြတ်စက်အင်္ကျီ၊ ဂါဝန်၊ ပခုံးလျှောချုပ်နည်း/တပ်နည်းတို့ကို သင်ကြား ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကို ဖေဖော်ဝါရီလ J၆ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ (၁) လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးမှ သိရသည်။
အဆိုပါသင်တန်းကို မြစ်ကြီးနားခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယော်ဆောင်(ပြန်/ဆက်)