မာန်အောင်မြို့နယ်၌ Grade-5 နှင့် Grade-9 အတန်းဆုံးစာမေးပွဲကို ဒုတိယနေ့အဖြစ်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိ

မာန်အောင် ဖေဖော်ဝါရီ    ၂၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5၊ Grade-9 အတန်းဆုံးစာမေးပွဲကို သက်ဆိုင်ရာစာစစ်ဌာနကျောင်းများ အလိုက်ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဖြေဆိုလျက်ရှိသည်။

မာန်အောင်မြို့နယ်၌ Grade-5 စာစစ်ဌာန(၂၅)ခုတွင်  ဖြေဆိုရန်စာရင်းရှိ ကျောင်းသား/သူ(၈၂၁)ဦး၊ ဖြေဆိုသူ(၇၉၇)ဦးနှင့် ပျက်ကွက်သူ(၂၄)ဦးရှိပြီး Grade-9 စာစစ်ဌာန(၂၃)ခုတွင်ဖြေဆိုရန် စာရင်းရှိကျောင်းသား/သူ (၆၃၃)ဦး၊ ဖြေဆိုသူ(၆၁၁)ဦး၊ ပျက်ကွက်သူ(၂၂)ဦး ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူးကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ကျဆရာ၊ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)