ဒိုက်ဦး ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိကြစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းကဒိုက်ဦးမြို့နယ်၏ လူစည်ကားရာနေရာများတွင် ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးထွန်းထွန်းဝင်း ၏ဦးဆောင်လမ်းညွှန်မှုဖြင့်ရဲတပ်ဖွဲ့ဝင်များက အခမဲ့ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာလက်ကမ်းစာစောင်များတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ ဘာ့ကြောင့်ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ၊ နိုင်ငံ့ခေါင်းဆောင်များ၏ အဆိုအမိန့်များ စသည်တို့ကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)