စမ်းချောင်း ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို စမ်းချောင်းမြို့နယ် မြေနီကုန်း(တောင်)ရပ်ကွက်၌ ယမန်နေ့ နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းကို အဖွဲ့ (၃)ဖွဲ့ဖြင့် ကွင်းဆင်းခဲ့ရာ အဆောက်အဦ (၇၇)၊ အိမ်ထောင်စု (၂၉၃)စု၊ ကျား(၅၁၅)၊ မ (၇၄၄)၊ စုစုပေါင်း (၁၂၅၉)ဦး မှတ်တမ်းတင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အဆောက်အအုံစာရင်းတင်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘ၀င်းနှင့် အဖွဲ့၀င်များက ကြီးကြပ်၍ မြို့နယ်လဝက ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း