ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌လူနာများအား အခမဲ့ကုသပေး

ဒိုက်ဦး ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိ ပါမောက္ခ ဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့မန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသောရဟန်းရှင်/လူ လူနာ(၂၅၀) ကျော်အားအခမဲ့ကုသပေးခဲ့ကြောင်းသိရသည်။

အဆိုပါဆေးခန်းကို အပတ်စဥ်စနေနေ့တိုင်းဖွင့်လှစ်ပြီး မျက်စိရောဂါ၊ အသည်းရောဂါ၊ မီးယပ်သားဖွားရောဂါ၊ နှလုံးရောဂါ၊ သွားရောဂါ၊ အရိုးအကြောရောဂါ၊ ကျောက်ကပ်ရောဂါနှင့် ဆီးလမ်းကြောင်းရောဂါစသည့် အထူးကုဆရာဝန်များကလည်း တစ်လလျှင်တစ်ကြိမ် လာရောက်၍ မေတ္တာဖြင့် ကုသပေးကြပြီးအသည်း ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသောသူများအား ဆေးထိုးပေးခြင်း၊ ဆေးဝါးများလည်းအခမဲ့ပေးလှူ​ပြီးအသည်းရောဂါကာကွယ်ရေးအတွက် ယနေ့မှစ၍ အပတ်စဥ် အသည်းရောင်အသားဝါ ဘီပိုးရှိမရှိစစ်ဆေးပေးမည်ဖြစ်ပြီး ပိုးမရှိသူများအားဘီပိုးကာကွယ်ဆေးအခမဲ့ ထိုးနှံပေးမည်ဖြစ်ပါကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)