ကန့်ဘလူမြို့၌ ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် နွေရာသီအခြေခံပန်းချီသင်တန်း ဖွင့်လှစ်

ကန့်ဘလူ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ နွေရာသီအခြေခံပန်းချီသင်တန်း (မူ/ဆင့်) ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်နံနက် ၉ နာရီခွဲက ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်ခန်းစာများကို သေချာစွာလိုက်နာမှတ်သားကြရန်နှင့် သင်တန်းစည်းကမ်းများကို ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြဆရာ ဦးစိုးမြင့်ဝေ (ပန်းချီ-စိုးမြင့်ဝေ) က ပန်းချီပညာ၏ အခြေခံသဘေတရားများနှင့်သင်ကြားပို့ချ​ပေးမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။ အဆို ပါသင်တန်းသို့မူလတန်းဆင့် ကျောင်းသားကျောင်းသူ ၆၀ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၁၁ ရက်နေ့အထိ ၁၅ ရက်ကြာ စာတွေ့လက်တွေ့(အခမဲ့) သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)