သတင်းများ

မလှိုင်မြို့၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေး
Feb 26,2024
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်(၈)နာရီခွဲအချိန်က အဆိုပါဘဏ်ရုံး၌ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် ပဲခူးတိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းရှင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ
Feb 26,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေမှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းရှင်များအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။
မိုင်းတုံမြို့၌ ဟွေပါဆပ်ကျေးရွာရှိ ပဲပုတ်စိုက်ခင်းအား ကွင်းဆင်းကြည့်ရှု
Feb 26,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်ရဲမှူး မြင့်အောင်နှင့် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းတို့သည် ယနေ့ နံနက်ပိုင်းက မိုင်းတုံမြို့နယ်၊ ဟွေပါဆပ်ကျေးရွာအနီးရှိ လယ်ကွက်တွင် စိုက်ပျိုးထား‌သော ပဲပုတ်စိုက်ခင်းအား ကွင်းဆင်းကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းများကို မီးဘေးကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Feb 26,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် စာစစ်ဌာနများ  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်က မီးသတ်ဦးစီးဌာနမှ  မီးဘေးကြိုတင်ကာကွယ်နိုင်ရေး၊ မီးသတိမူရေး အသိပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ် ​ဂွေးချိုကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေး
Feb 26,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများသိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ ​ချောက်မြို့နယ် ဂွေးချိုကျေးရွာ အေးစေတီဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး
Feb 26,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာဟောပြောပွဲကို ယမန်နေ့က ဆင်ဖြူရှင်ရပ်ကွက်၊ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
လားရှိုးမြို့ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆက်လက်ဆောင်ရွက်
Feb 26,2024
လားရှိုးမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ပေးလျက်ရှိရာ ယနေ့တွင် စတုတ္ထနေ့အဖြစ် ဆက်လက်၍ ပင်စင်စား နိုင်ငံ့ဝန်ထမ်းများအား စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့ မကျီးပင်ပုကျေးရွာအုပ်စု၊ ကူတိုကျေးရွာဓာတ်တော်ကျောင်း အာရုံခံတန်ဆောင်းအတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ကျင်းပ
Feb 26,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မကျီးပင်ပုကျေးရွာအုပ်စု၊ ကူတိုကျေးရွာ ဓာတ်တော်ကျောင်းဝန်းအတွင်းရှိ အာရုံခံတန်ဆောင်းအတွင်း၌  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို  ယနေ့နံနက် (၉)နာရီ ၃၀အချိန်က ကျင်းပပြုလုပ်ခဲ့သည်။