ဒက္ခိဏသီရိ မတ် ၁၁
၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခု၌ ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။
ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(မြန်မာစာဘာသာ)ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနနှစ်ခုတို့၌ ကျောင်းသား ၁၂၀ ဦး၊ ကျောင်းသူ ၁၅၀ ဦး စုစုပေါင်း ၂၇၀ ဦး စာရင်းပေးသွင်းထားပြီး ဖြေဆိုသူ ကျောင်းသား ၁၁၉ ဦး၊ ကျောင်းသူ ၁၄၆ ဦး စုစုပေါင်း ၂၆၅ ဦးတို့ ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ငါးဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၈ ဒသမ ၁၅ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)