ဒဂုံမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စတင်ဖြေဆိုလျက်ရှိ

ဒဂုံ မတ် ၁၁

၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီက ကျောင်းသား၊ ကျောင်းသူများ အေးချမ်း‌ပျော်ရွှင်စွာ စတင်ဖြေဆိုနေကြကြောင်း သိရသည်။

ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာနတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား (၁၄၅) ဦး၊ ကျောင်းသူ (၁၅၄) ဦး၊ စုစုပေါင်း (၂၉၉) ဦးရှိပြီး ယနေ့ဖြေဆိုသည့် ကျောင်းသား (၁၄၂) ဦး၊ ကျောင်းသူ (၁၅၄) ဦးစုစုပေါင်း (၂၉၆) ဦး ဖြေဆိုကြရာ ၉၉ ရာခိုင်နှုန်းရှိပြီး၊ ပျက်ကွက်ကျောင်းသား (၃) ဦး၊ ကျောင်းသူ (-) ဦး စုစုပေါင်း (၃) ဦး ပျက်ကွက်ရာခိုင်းနှုန်း(၁)ရာခိုင်နှုန်းရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

အဆိုပါတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုရာတွင်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူ​ကျော်နှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဌာနဆိုင်ရာများ ဆရာ/ ဆရာမများက ဝိုင်းဝန်းဆောင်ရွက်ပေးကြကြောင်း‌ သိရသည်။

မိုးမိုးခိုင် (ပြန်/ဆက်)