တာလေ မတ် ၁၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပဖြေဆိုနေပြီဖြစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ စာစစ်ဌာန (၁) ခုတွင်လည်း ယနေ့ မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုပြီးဖြစ်ကြောင်း သိရသည်။
တာလေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းရှိ အတွင်းဖြေ ကျောင်းသား (၉) ဦး၊ ကျောင်းသူ(၁၉)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၈)ဦး ရှိပြီး ပြင်ပဖြေဆိုသူမရှိကြောင်းနှင့် ယနေ့လာရောက်ဖြေဆိုသူ အတွင်းဖြေ ကျောင်းသား(၉)ဦး၊ ကျောင်းသူ (၁၉) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၈)ဦး လာရောက် ဖြေဆိုသဖြင့် စာမေးပွဲဖြေဆိုမှု(၁၀၀%)ရှိကြောင်းသိရသည်။
ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် အလှည့်ကျ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)